Shwe Pilot logoSHWE PILOTသင့်လုပ်ငန်းရဲ့ Software Partnerဆက်သွယ်ရန်

Shwe Pilot Software Company

ဆိုင်အတွက် POS။
လုပ်ငန်းအတွက်
Website နဲ့ Software။

သင့်လုပ်ငန်း၏ အရောင်းနှင့် စတော့စာရင်းများကို စီမံရန် Kite POS ကို အသုံးပြုနိုင်ပါတယ်။ Website သို့မဟုတ် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော Software တည်ဆောက်လိုပါကလည်း ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

မေးမြန်းရန် 09 699 110 523

Kite App icon

Kite POS

Android ဖုန်းနဲ့ Tablet အတွက်

  • အရောင်းစာရင်း
  • ကုန်ပစ္စည်းနဲ့ စတော့
  • Online Order
  • ရောင်းအား Report
App ပုံများ ကြည့်ရန်လက်ရှိ Version 1.0.8
SHWE PILOT CO., LTD · DICA မှတ်ပုံတင်ထားသော ကုမ္ပဏီကုမ္ပဏီအကြောင်း လေ့လာရန်

Kite POS

ဆိုင်အတွက် POS ရှာနေပါသလား။ လုပ်ဆောင်ချက်တွေနဲ့ App ပုံတွေကို အရင်လေ့လာနိုင်ပါတယ်။

Android · Version 1.0.8

Kite POS

အရောင်း၊ စတော့နဲ့ အော်ဒါစာရင်းကို
ဖုန်းတစ်လုံးမှာ စီမံပါ။

ကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေ၊ online ကနေ order လက်ခံတဲ့လုပ်ငန်းတွေအတွက် POS App ဖြစ်ပါတယ်။ ရောင်းပြီးသားစာရင်း၊ ကျန်တဲ့စတော့နဲ့ အော်ဒါတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။

အရောင်းနဲ့ ငွေရှင်းခြင်း
အရောင်းစာရင်းတင်ခြင်းနဲ့ ငွေပေးချေမှုပုံစံတွေကို မှတ်တမ်းတင်နိုင်ပါတယ်။
ကုန်ပစ္စည်းနဲ့ စတော့
ကုန်ပစ္စည်းစာရင်းနဲ့ လက်ကျန်အရေအတွက်ကို ကြည့်ရှုနိုင်ပါတယ်။
Online Order နဲ့ Report
အော်ဒါတွေကို စီမံပြီး ရောင်းအားနဲ့ လုပ်ငန်းစာရင်းကို ကြည့်နိုင်ပါတယ်။
Demo / ဈေးနှုန်း မေးမြန်းရန်

Android · Version 1.0.8 · 129 MB

ရက် ၂၀ အစမ်းအသုံးပြုနိုင်ပါတယ်

Account စာရင်းသွင်းပြီးသည့်နေ့မှ ရက် ၂၀ offline အစမ်းသုံးနိုင်ပါတယ်။ Trial ပြီးလျှင် ရှိပြီးသားဒေတာကို ကြည့်ရှုနိုင်ပြီး ဒေတာကို Excel၊ နေ့စဉ်စာရင်း Report ကို Excel သို့မဟုတ် PDF ထုတ်နိုင်ပါတယ်။ Cloud Sync မပါဝင်ပါ။

အသုံးပြုနည်း ဗီဒီယိုများ

App ထည့်သွင်းပြီးနောက် အောက်ပါ Tutorial ဗီဒီယိုများကို ကြည့်ရှု၍ အသုံးပြုနည်းကို အဆင့်ဆင့် လေ့လာနိုင်ပါတယ်။

Kite အသုံးပြုနည်း ဗီဒီယိုများ ကြည့်ရန်

Offline / Online Package နဲ့ Trial အသေးစိတ်ကြည့်ရန်

ကုန်ပစ္စည်းနဲ့ စတော့ စီမံခန့်ခွဲမှု

ပုံကိုနှိပ်၍ အကြီးကြည့်နိုင်ပါတယ်။

သင့်ဆိုင်အတွက် Kite Package ရွေးချယ်ပါ

စက်တစ်လုံးမှာ အသုံးပြုမလား၊ ဆိုင်ခွဲနဲ့ ဝန်ထမ်းစာရင်းတွေကို Cloud မှာ ချိတ်ဆက်မလားဆိုတာအပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

Kite Offline

Android ဖုန်း သို့မဟုတ် Tablet တစ်လုံးမှာ အင်တာနက်အမြဲမလိုဘဲ ဆိုင်စာရင်းကို စီမံနိုင်ပါတယ်။

  • အရောင်း၊ ကုန်ပစ္စည်း၊ စတော့၊ အသုံးစရိတ်နဲ့ Report စီမံခြင်း
  • လုပ်ငန်းဒေတာကို အသုံးပြုတဲ့စက်ထဲမှာ သိမ်းဆည်းခြင်း
  • တစ်ကြိမ်ဝယ်ယူသော ရာသက်ပန်လိုင်စင်၊ နှစ်စဉ်လိုင်စင်သက်တမ်းတိုးခ မရှိခြင်း
  • Cloud Sync နဲ့ စက်များအကြား အလိုအလျောက်ဒေတာချိတ်ဆက်မှု မပါဝင်ခြင်း

လိုင်စင်က စက်တစ်လုံးနဲ့ ချိတ်ထားပါတယ်။ စက်ပြောင်းလိုပါက လိုင်စင်ရွှေ့ပြောင်းခနဲ့ Backup ပြန်သွင်းနည်းကို ဆက်သွယ်မေးမြန်းပါ။ စက်ထဲကဒေတာကို Backup ပုံမှန်ထုတ်ထားပါ။

Kite Online

ဆိုင်ခွဲနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစာရင်းကို Cloud Sync နဲ့ ချိတ်ဆက်စီမံနိုင်ပါတယ်။

  • Offline အရောင်းနဲ့ စာရင်းစီမံမှုအပြင် Cloud Sync ပါဝင်ခြင်း
  • ဆိုင်ခွဲ ၂ ခုအထိနဲ့ ဝန်ထမ်း ၁၀ ယောက်အထိ အသုံးပြုနိုင်ခြင်း
  • ပထမနှစ် Cloud ဝန်ဆောင်မှုပါဝင်ပြီး နောက်နှစ်များတွင် နှစ်စဉ် Cloud သက်တမ်းတိုးရန် လိုအပ်ခြင်း
  • Cloud Sync လုပ်ရန် အင်တာနက်လိုအပ်ခြင်း

Cloud သက်တမ်းကုန်ပါက ပြန်လည် Activate မလုပ်မချင်း ရှိပြီးသားဒေတာကို ကြည့်ရှုခြင်းနဲ့ Export ထုတ်ခြင်းသာ လုပ်နိုင်ပြီး အရောင်းအသစ်တင်ခြင်း၊ ဒေတာပြင်ခြင်းနဲ့ Cloud Sync ရပ်နားပါမယ်။ သက်တမ်းမကုန်မီ Renewal ဆောင်ရွက်ပါ။

အခမဲ့ ရက် ၂၀ Trial

Account စာရင်းသွင်းပြီးသည့်နေ့မှ ရက် ၂၀ အတွင်း အရောင်း၊ ကုန်ပစ္စည်း၊ စတော့၊ အသုံးစရိတ်နဲ့ Report တို့ကို စက်တစ်လုံးမှာ offline စမ်းသုံးနိုင်ပါတယ်။ စတင်စာရင်းသွင်းရန် အင်တာနက်လိုအပ်ပြီး Trial တွင် Cloud Sync နဲ့ ဝန်ထမ်း Account မပါဝင်ပါ။

Trial ပြီးပါက အရောင်းအသစ်တင်ခြင်းနဲ့ ဒေတာပြင်ဆင်ခြင်း ရပ်နားပြီး ရှိပြီးသားဒေတာကို ဆက်ကြည့်နိုင်ပါတယ်။ Settings မှ ဒေတာကို Excel ဖိုင်ထုတ်နိုင်ပြီး Reports မှ နေ့စဉ်စာရင်း Report ကို Excel သို့မဟုတ် PDF ထုတ်နိုင်ပါတယ်။ PDF သည် ဒေတာအပြည့်အစုံ Backup ဖိုင်မဟုတ်ပါ။ App ဖျက်ခြင်း သို့မဟုတ် စက်ပြောင်းခြင်းမပြုမီ Backup ထုတ်ထားပါ။

Package ဈေးနှုန်း၊ အသုံးပြုနိုင်သည့် စက်အရေအတွက်၊ လိုင်စင်နဲ့ Renewal အသေးစိတ်ကို ဆက်သွယ်မေးမြန်းပါ။ Hardware နဲ့ အထူးလိုအပ်ချက်များအတွက် သီးခြား Quotation ပေးပါတယ်။

Kite နဲ့ စက်ပစ္စည်းများ ဝယ်ယူခြင်း၊ တပ်ဆင်ခြင်းနဲ့ သင်ကြားပေးခြင်း

Kite Software နဲ့အတူ လိုအပ်တဲ့ Tablet၊ Printer စတဲ့ စက်ပစ္စည်းများကို Shwe Pilot မှ တွဲဖက်ဝယ်ယူပါက အောက်ပါဒေသနဲ့ ဝယ်ယူမှုသတ်မှတ်ချက်များအတိုင်း သင့်ဆိုင်အထိ လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်းကို သင်ကြားပေးပါတယ်။

နေပြည်တော်အတွင်း
သီရိ ၅ မြို့နယ်၊ လယ်ဝေးနဲ့ ပျဉ်းမနားမြို့နယ်များအတွင်း Kite နဲ့ လိုအပ်တဲ့ စက်ပစ္စည်းများကို တွဲဖက်ဝယ်ယူပါက ဆိုင်အထိ လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်းကို သင်ကြားပေးပါတယ်။
အခြားမြို့နယ်များ
Kite Software နဲ့ စက်ပစ္စည်းများပါဝင်တဲ့ အစုံ ၅ စုံနှင့်အထက် ဝယ်ယူပါက သွားလာရလွယ်ကူသော မြို့နယ်များရှိ ဆိုင်များအထိ လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်းကို သင်ကြားပေးပါတယ်။
စက်ပစ္စည်းတွဲဖက်ဝယ်ယူမှုနဲ့ တပ်ဆင်မှုအတွက် ဆက်သွယ်ရန်

အပ်နှံနိုင်သော ဝန်ဆောင်မှုများ

သင့်လုပ်ငန်းအတွက် ဆောင်ရွက်လိုသည့်အလုပ်နှင့် လက်ရှိလိုအပ်ချက်များကို မျှဝေပေးနိုင်ပါတယ်။ လုပ်ငန်းအတိုင်းအတာ၊ ဆောင်ရွက်မည့်အချိန်နှင့် ကုန်ကျစရိတ်တို့ကို ကြိုတင်ညှိနှိုင်းဆွေးနွေးပေးပါတယ်။

Website Development

လုပ်ငန်းအကြောင်း၊ Product နဲ့ ဆက်သွယ်ရန်အချက်အလက်တွေကို ဖောက်သည်တွေ ကြည့်နိုင်မယ့် Website ဖန်တီးပေးပါတယ်။

ဥပမာ အပ်နှံနိုင်သောအလုပ်များ

  • ကုမ္ပဏီမိတ်ဆက် Website / Portfolio
  • ကုန်ပစ္စည်း Catalog / Online Store
  • ဝန်ဆောင်မှုမိတ်ဆက် Landing Page
Website အတွက် ဆက်သွယ်ရန်

Business Software

စာရင်းဇယားများနှင့် နေ့စဉ်လုပ်ငန်းစဉ်များကို ပိုမိုစနစ်တကျ စီမံနိုင်ရန် သင့်လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော Software များ တည်ဆောက်ပေးပါတယ်။

ဥပမာ အပ်နှံနိုင်သောအလုပ်များ

  • Odoo ERP ကဲ့သို့ လုပ်ငန်းစီမံခန့်ခွဲမှုစနစ်များ
  • Customer နှင့် အရောင်းစီမံခန့်ခွဲမှု (CRM)
  • စတော့၊ အဝယ်နှင့် အော်ဒါစီမံခန့်ခွဲမှု
  • ဝန်ထမ်း၊ ခွင့်နှင့် လစာစာရင်းစနစ်များ
Software အတွက် ဆက်သွယ်ရန်

UI / UX Design

App နဲ့ Website အတွက် ဘယ်စာမျက်နှာကနေ ဘယ်လိုသုံးမလဲဆိုတဲ့ flow နဲ့ မျက်နှာပြင်ပုံစံတွေ ရေးဆွဲပေးပါတယ်။

ဥပမာ အပ်နှံနိုင်သောအလုပ်များ

  • Online Store ၏ အော်ဒါတင်မျက်နှာပြင်
  • လုပ်ငန်းသုံး Dashboard / Mobile App Design
  • စမ်းသပ်ကြည့်ရှုနိုင်သော Prototype
Design အတွက် ဆက်သွယ်ရန်

Mini-game / Prototype

အမှတ်တံဆိပ်ကြော်ငြာ၊ သင်ယူမှုနဲ့ Game idea တစ်ခု စမ်းသပ်ဖို့ အသေးစား Game နဲ့ Prototype တွေ ဖန်တီးပေးပါတယ်။

ဥပမာ အပ်နှံနိုင်သောအလုပ်များ

  • အမှတ်တံဆိပ်မိတ်ဆက် Quiz / Puzzle Game
  • သင်ယူမှုအတွက် Educational Mini-game
  • Game စိတ်ကူးကို စမ်းသပ်ရန် Prototype
Project အတွက် ဆက်သွယ်ရန်

လုပ်ငန်းမိတ်ဆက် Website

၁၀ သိန်းကျပ်မှ စတင်ပါတယ်

ကုမ္ပဏီ၊ ဝန်ဆောင်မှုနဲ့ ဆက်သွယ်ရန်အချက်အလက်တွေကို ဖော်ပြမယ့် ရိုးရှင်းသော Website အတွက် စတင်ဈေးနှုန်းဖြစ်ပါတယ်။

သင့် Project အတွက် ဈေးနှုန်းမေးရန်

ဘယ်အချက်တွေအပေါ် မူတည်သလဲ။

စာမျက်နှာအရေအတွက်၊ Design နဲ့ လုပ်ဆောင်ချက်တွေကို ဆွေးနွေးပြီး နောက်ဆုံးဈေးနှုန်း၊ ပေးအပ်မယ့်အရာနဲ့ ပြီးစီးမယ့်အချိန်ကို Quotation မှာ အတည်ပြုပေးပါတယ်။

  • ဖုန်းနဲ့ Computer ပေါ်မှာ ကြည့်နိုင်သော Website
  • လုပ်ငန်းမိတ်ဆက်၊ ဝန်ဆောင်မှုနဲ့ ဆက်သွယ်ရန်အချက်အလက်များ
  • Design ပြင်ဆင်ခွင့် ၂ ကြိမ်နဲ့ လွှဲပြောင်းပြီး Bug ပြင်ပေးခြင်း ရက် ၁၈၀

Online Store၊ Business Software၊ UI / UX နဲ့ Mini-game အတွက် လိုအပ်ချက်အလိုက် သီးခြားဈေးနှုန်းတွက်ပေးပါတယ်။ Domain နဲ့ Hosting ကြေးကိုလည်း သီးခြားဖော်ပြပေးပါတယ်။

Project ပြင်ဆင်မှု၊ Support နဲ့ လွှဲပြောင်းခြင်း

Design ပြင်ဆင်ခွင့် ၂ ကြိမ်
သဘောတူထားတဲ့ အလုပ်အတိုင်းအတာအတွင်း Design ပြင်ဆင်ခွင့် ၂ ကြိမ် ပါဝင်ပါတယ်။ ပြင်ဆင်လိုတဲ့အချက်တွေကို တစ်ကြိမ်စီ စုစည်းပေးပြီး ညှိနှိုင်းပြင်ဆင်နိုင်ပါတယ်။
လွှဲပြောင်းပြီး Bug ပြင်ပေးခြင်း ရက် ၁၈၀
Project လွှဲပြောင်းသည့်နေ့မှ ရက် ၁၈၀ အတွင်း သဘောတူထားတဲ့ လုပ်ဆောင်ချက်တွေမှာ ဖြစ်ပေါ်တဲ့ အမှားများကို အပိုကြေးမယူဘဲ ပြင်ဆင်ပေးပါတယ်။
ထပ်တိုးအလုပ်နဲ့ အသုံးပြုစရိတ်
Feature အသစ်၊ Maintenance၊ Domain နဲ့ Hosting ကြေးတို့ကို သီးခြားကျသင့်ပါတယ်။ ထပ်တိုးအလုပ်အတွက် ကုန်ကျစရိတ်နဲ့ အချိန်ကို ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ပေးပါတယ်။
Source Code နဲ့ Account လွှဲပြောင်းမှု
Project အတွက် ကျသင့်ငွေ အပြည့်အဝပေးချေပြီးနောက် Source Code နဲ့ Project နှင့်သက်ဆိုင်သော Account များကို Client ထံ လွှဲပြောင်းပေးပါတယ်။

Project Support အတွက် contact@shwepilot.com၊ ဖုန်း၊ Telegram သို့မဟုတ် Viber မှ နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (မြန်မာစံတော်ချိန်) ဆက်သွယ်နိုင်ပါတယ်။ Kite POS လိုင်စင်နဲ့ Support သတ်မှတ်ချက်များကို သီးခြားမေးမြန်းနိုင်ပါတယ်။

Project တစ်ခု အပ်နှံမယ်ဆိုရင်

  1. လိုအပ်ချက် ဆွေးနွေးခြင်း

    အသုံးပြုလိုသည့်ရည်ရွယ်ချက်၊ လက်ရှိအခက်အခဲများနှင့် ပြီးစီးလိုသည့်အချိန်တို့ကို မျှဝေ၍ ဆွေးနွေးနိုင်ပါတယ်။

  2. အလုပ်နဲ့ ဈေးနှုန်း သတ်မှတ်ခြင်း

    ပါဝင်မယ့်အလုပ်၊ ပေးအပ်မယ့်ရလဒ်နဲ့ ကုန်ကျစရိတ်ကို အတည်ပြုပါတယ်။

  3. ရေးဆွဲခြင်းနဲ့ စမ်းသပ်ခြင်း

    Design နဲ့ လုပ်ဆောင်ချက်တွေကို အဆင့်လိုက် ကြည့်ရှုဆွေးနွေးနိုင်ပါတယ်။

  4. လွှဲပြောင်းခြင်း

    သဘောတူထားတဲ့အလုပ်ကို စမ်းသပ်ပြီး အသုံးပြုနည်းနဲ့အတူ လွှဲပြောင်းပေးပါတယ်။

Velora App icon
COMING SOON

Velora

Café နဲ့ စားသောက်ဆိုင်တွေအတွက် ဖန်တီးနေတဲ့ Product ဖြစ်ပါတယ်။
အသုံးပြုနိုင်မယ့်အချိန်နဲ့ အသေးစိတ်ကို မိတ်ဆက်ပေးပါမယ်။

Velora အတွက် ဆက်သွယ်ရန်

SHWE PILOT CO., LTD

Kite POS ကို ထုတ်လုပ်ထားပြီး Website၊ Business Software နဲ့ Design ဝန်ဆောင်မှုတွေ ပေးနေတဲ့ software company ဖြစ်ပါတယ်။

Product အသုံးပြုခြင်းအတွက် မေးခွန်းရှိရင်ဖြစ်ဖြစ်၊ Project အပ်နှံချင်ရင်ဖြစ်ဖြစ် ဖုန်း၊ Telegram နဲ့ Viber ကနေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်

ကုမ္ပဏီအချက်အလက်

ကုမ္ပဏီအမည်
SHWE PILOT CO., LTD
မှတ်ပုံတင်ဌာန
DICA
MyCO တွင် စစ်ဆေးရန်

ကုမ္ပဏီအမည်ဖြင့် ရှာဖွေနိုင်ပါတယ်။

မေးလေ့ရှိသော မေးခွန်းများ

Kite က ဘယ်စက်မှာ သုံးလို့ရလဲ။

Kite က Android ဖုန်းနဲ့ Tablet အတွက် App ဖြစ်ပါတယ်။ APK ကို ဒေါင်းလုဒ်ဆွဲပြီး install လုပ်နိုင်ပါတယ်။ စက်နဲ့ချိတ်ဆက်မယ့် printer စတဲ့ပစ္စည်းတွေရှိရင် မဝယ်ခင် ကိုက်ညီမှုကို မေးမြန်းပါ။

Kite ရဲ့ ဈေးနှုန်းနဲ့ Package ကို ဘယ်လိုသိနိုင်မလဲ။

Offline က Android စက်တစ်လုံးအတွက် ရာသက်ပန်လိုင်စင်ဖြစ်ပြီး Online က Cloud Sync နဲ့ နှစ်စဉ် Cloud သက်တမ်းတိုးမှု ပါဝင်ပါတယ်။ ဈေးနှုန်း၊ စက်အရေအတွက်နဲ့ Support အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Package ကွာခြားချက် ကြည့်ရန်

Kite နဲ့ စက်ပစ္စည်းတွေ ဝယ်ရင် ဆိုင်အထိ လာတပ်ဆင်ပေးလား။

Shwe Pilot မှ Kite နဲ့ Tablet၊ Printer စတဲ့ လိုအပ်တဲ့ စက်ပစ္စည်းများကို တွဲဖက်ဝယ်ယူပါက နေပြည်တော်ရှိ သီရိ ၅ မြို့နယ်၊ လယ်ဝေးနဲ့ ပျဉ်းမနားအတွင်း ဆိုင်အထိ လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်း သင်ကြားပေးပါတယ်။ အခြားမြို့နယ်များအတွက် Software နဲ့ စက်ပစ္စည်းပါဝင်တဲ့ အစုံ ၅ စုံနှင့်အထက် ဝယ်ယူပါက သွားလာရလွယ်ကူသော မြို့နယ်များမှာ လာရောက်တပ်ဆင်ပြီး သင်ကြားပေးပါတယ်။ တပ်ဆင်မှုနဲ့ သင်ကြားပေးမှု အသေးစိတ်ကြည့်ရန်

Website / Software အပ်ဖို့ ဘာလိုအပ်လဲ။

သင့်လုပ်ငန်းအကြောင်းနှင့် ဆောင်ရွက်လိုသည့်အလုပ်ကို ဦးစွာ မျှဝေပေးနိုင်ပါတယ်။ ပြီးစီးလိုသည့်အချိန်၊ ခန့်မှန်းအသုံးစရိတ်၊ Logo နှင့် ရှိပြီးသား စာသား၊ ဓာတ်ပုံများရှိပါကလည်း မျှဝေပေးနိုင်ပါတယ်။ ထိုအချက်အလက်များအပေါ် မူတည်ပြီး သင့်တော်သည့် လုပ်ငန်းအစီအစဉ်ကို အတူညှိနှိုင်းဆွေးနွေးပေးပါတယ်။

Website အတွက် ဈေးနှုန်း ဘယ်လောက်က စလဲ။

ရိုးရှင်းသော လုပ်ငန်းမိတ်ဆက် Website ကို ၁၀ သိန်းကျပ်မှ စတင်အပ်နှံနိုင်ပါတယ်။ ပါဝင်မယ့်စာမျက်နှာ၊ Design နဲ့ လုပ်ဆောင်ချက်အလိုက် နောက်ဆုံးဈေးနှုန်းနဲ့ ပြီးစီးမယ့်အချိန်ကို Quotation မှာ အတည်ပြုပေးပါတယ်။ Domain နဲ့ Hosting ကြေး သီးခြားကျသင့်ပါတယ်။ စတင်ဈေးနှုန်း အသေးစိတ်ကြည့်ရန်

ပြီးသွားတဲ့နောက် ပြင်ဆင်မှုနဲ့ Support ပါလား။

Project အတွက် Design ပြင်ဆင်ခွင့် ၂ ကြိမ် ပါဝင်ပြီး လွှဲပြောင်းသည့်နေ့မှ ရက် ၁၈၀ အတွင်း သဘောတူထားတဲ့ လုပ်ဆောင်ချက်များ၏ Bug များကို အပိုကြေးမယူဘဲ ပြင်ပေးပါတယ်။ Feature အသစ်၊ Maintenance၊ Domain နဲ့ Hosting တို့ သီးခြားကျသင့်ပါတယ်။ Project Support အသေးစိတ်ကြည့်ရန်

Source Code နဲ့ Account တွေ ရမလား။

Project အတွက် ကျသင့်ငွေ အပြည့်အဝပေးချေပြီးနောက် Source Code နဲ့ Project နှင့်သက်ဆိုင်သော Account များကို Client ထံ လွှဲပြောင်းပေးပါတယ်။

ဆက်သွယ်ရန်

Kite အတွက် Demo ကြည့်ချင်တာ၊ ဈေးနှုန်းမေးချင်တာနဲ့ Project အပ်နှံချင်တာတွေကို ဒီနေရာကနေ ဆက်သွယ်နိုင်ပါတယ်။

09 699 110 523
contact@shwepilot.com

ရုံးဖွင့်ရက် — တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ၊ နေ့စဉ်ရုံးချိန် — မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ (မြန်မာစံတော်ချိန်)